Local News

ပဲမျိုးစုံဈေးနှုန်းဈေးကွက်

Last Updated:

   အောင်လံကုန်စည်ဒိုင်တွင် ပဲစင်းငုံ(နီ)၊ ပဲတီစိမ်း၊ မတ်ပဲ၊ ကုလားပဲ‌၊ ပဲကြီး၊ မြေပဲလုံးဆံ (နီ) နှင့် မြေပဲလုံးဆံ (ဖြူ) စသည့် ပဲမျိုးစုံများဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ သြဂုတ်လဒုတိယပတ်တွင် ပဲစင်းငုံ(နီ) ၂၀ ပိဿာတစ်တင်းလျှင် ကျပ် ၈၁၆၀၀၊ ပဲတီစိမ်း ၂၀ပိဿာ တစ်တင်းလျှင် ကျပ် ၁၁၀၀၀၊ မတ်ပဲ ၂၀ ပိဿာတစ်တင်းလျှင် ကျပ် ၈၈၀၀၀၊ ကုလားပဲ (ဟော်လန်) ၂၀ ပိဿာတစ်တင်းလျှင် ကျပ် ၈၇၀၀၀၊ ကုလားပဲ(မြကြေး) ၂၀ ပိဿာတစ်တင်းလျှင် ကျပ် ၉၄၀၀၀၊ ပဲကြီး ၂၀ ပိဿာတစ်တင်းလျှင် ကျပ် ၁၁၅၀၀၀၊ မြေပဲလုံးဆံ(နီ) ၁ ပိဿာလျှင် ကျပ် ၇၅၀၀ နှင့် မြေပဲလုံးဆံ(ဖြူ) ၁ ပိဿာလျှင် ကျပ် ၇၅၀၀ ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

   ၂၀၂၅ ခုနှစ်၊ သြဂုတ်လ တတိယအပတ်တွင် ပဲစင်းငုံ(နီ) ၂၀ ပိဿာတစ်တင်းလျှင် ကျပ် ၈၀၀၀၀၊  ပဲတီစိမ်း ၂၀ ပိဿာတစ်တင်းလျှင် ကျပ် ၁၁၃၀၀၀၊ မတ်ပဲ ၂၀ ပိဿာတစ်တင်းလျှင် ကျပ် ၈၈၀၀၀၊ ကုလားပဲ(ဟော်လန်) ၂၀ ပိဿာတစ်တင်းလျှင် ကျပ် ၈၉၅၀၀၊ ကုလားပဲ(မြကြေး) ၂၀ ပိဿာတစ်တင်းလျှင် ကျပ် ၉၄၀၀၀၊ ပဲကြီး ၂၀ ပိဿာတစ်တင်းလျှင် ကျပ် ၁၂၀၀၀၀၊ မြေပဲလုံးဆံ (နီ) ၁ ပိဿာလျှင် ကျပ် ၇၀၀၀ နှင့် မြေပဲလုံးဆံ(ဖြူ) ၁ ပိဿာလျှင် ကျပ် ၇၁၀၀ ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

   ပဲဈေးနှုန်းများအား ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ဒုတိယပတ်နှင့် တတိယပတ်တို့နှိုင်းယှဉ်ရာ ပဲစင်းငုံ(နီ)တစ်တင်းလျှင် ၁၆၀၀ ကျပ်၊ ကုလားပဲ(ဟော်လန်) တစ်တင်းလျှင် ၂၅၀၀ ကျပ်၊ မြေပဲလုံး ဆံနီတစ်ပိဿာလျှင် ၃၀၀ ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ၂၀၀ ကျပ်တို့ဖြင့် ဈေးကျဆင်း လျက်ရှိပြီး ပဲတီစိမ်းတစ်တင်းလျှင် ၃၀၀၀ ကျပ်၊ ပဲကြီးတစ်တင်းလျှင် ကျပ် ၅၀၀၀ ထိ ဈေးမြင့်တက်ခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရသည်။

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News